Local News

ဧည့်မထဆန်(ဟောင်း)၊ ဧည့်မထဆန်(သစ်)နှင့် ဆန်ကွဲB(1,2)ဈေးများ တည်ငြိမ်လျက်ရှိပြီး ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4) နှင့် ဖွဲနု ဈေးများမြင့်တက်

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၈.၁၁.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ် အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ် အိတ် ၁၁၀၀၀ဝကျပ် ၊ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၁၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၅.၁၂.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၁၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၄၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန် တစ်အိတ်၁၀၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၁၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၂၀၀ကျပ်ဖြင့် ဈေးများမြင့်တက်ကာ ဧည့်မထဆန် (မနောသုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်)နှင့် ဆန်ကွဲB(1,2)ဈေးများ တည်ငြိမ်လျက်ရှိပါ သည်။ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနု   ဈေးများမြင့်တက်သွားခြင်းမှာ ဝယ်လိုအားများခြင်း ကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News